ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးများ ရောက်ရှိ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလှူဒါန်းတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV) ၂ ဒသမ ၄၅ သန်း dosesဟာ စက်တင်ဘာ ၁၇ ရက်နဲ့ ၁၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။ အခုရောက်ရှိလာတဲ့ကာကွယ်ဆေးတွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၅ သန်းကျော်ရှိတယ်လို့ဆိုပါတယ်။ ...