အိုလံပစ်အိမ်ရှင် ပြင်သစ်အသင်း ဗိုလ်လုပွဲတက်
(၂၀၂၄)ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပွဲစဉ်မှာ အိမ်ရှင်ပြင်သစ်အသင်းက ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ အီဂျစ်အသင်းနဲ့ကစားခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲချိန်အတွင်း တစ်ဖက်(၁)ဂိုးစီ သရေကျခဲ့ပေမယ့် မိနစ်(၃၀)အချိန်ပိုမှာ သွင်းယူခဲ့တဲ့ဂိုးတွေကြောင့် (၃)ဂိုး၊ (၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့တာပါ။ အီဂျစ်အသင်းဟာ ပွဲချိန်(၆၂)မိနစ်မှာ ...