နေပြည်တော်၌ ပျက်စီးသွားသည့် တံတားများကိုပြင်ဆင်
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးသွားတဲ့တံတားတွေကို ယာယီဘေလီ တံတားထိုးပြီး ပြန်လည်ပြင်ဆင်တာနဲ့ လမ်းတွေကိုရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနကသိရပါတယ်။ အများပြည်သူ သွားလာရေးအဆင်ပြေစေဖို့နဲ့ လမ်းပန်းဆက်သွယ်ရေးမပြတ်တောက်စေရေး အမြန်ဆုံးပြင်ဆင် ဆောင်ရွက်သွားဖို့ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က စက်တင်ဘာ ၁၃ ရက်က နေပြည်တော်အတွင်း ...