ပဲခူး၌ မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ပဲခူးမြို့မှာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးပြီး သီတင်းကျွတ်မီးထွန်းပွဲတော်ကို အရင်နှစ်တွေနည်းတူ စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။ ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်မှာ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ(၁၇)ရက်၊ ညပိုင်း အချိန်မှာ ဆီမီး(၁၀၀၀၀)ထွန်းညှိပူဇော်ပွဲ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲခူးမြို့မှာ ...