ပဲခူးတိုင်း၌ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း(၂၀၀)ကျော်ဝင်ရောက်ခဲ့
ပဲခူးတိုင်းဒေသကြီးအတွင်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ လက်ရှိအချိန်အထိ(၃)နှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန်ဒေါ်လာ(၂၀၁)သန်းကျော်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ်သန်း (၈၀၀၀၀)ကျော်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ(၁၆)ရက်၊ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမမှာပြုလုပ်တဲ့ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးကနေ သိရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ(၁၂၄၉၀)ဦးအတွက် ...