ပေါင်းလောင်းဆည်ခိုင်ခံ့မှု စိုးရိမ်ဖွယ်မရှိဟု ထုတ်ပြန်
နေပြည်တော်ပြည်ထောင်စုနယ်မြေမှာရှိတဲ့ ပေါင်းလောင်းဆည်ဟာ ခိုင်ခံ့မှုရှိပြီး စိုးရိမ်ဖွယ်ရာမရှိဘူးလို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ(၂၂)ရက်မှာထုတ်ပြန်ပါတယ်။ လတ်တလောထွက်ပေါ်နေတဲ့ ပေါင်းလောင်းဆည်ကျိုးမယ်ဆိုတဲ့သတင်းဟာ လုံးဝဖြစ်နိုင်ချေမရှိဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ တမံဟာ ကျောက်သားနဲ့တည်ဆောက်ထားတဲ့ Rock Fill Dam အမျိုး အစားတမံဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီတမံဟာ အမြင့်ပေ ...