ကြည့်မြင်တိုင်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ခုမှာ စက်တင်ဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းက ရေဘေးအတွက်လာလှူထားတဲ့အထုပ်တွေအတွင်းမှ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ (၈)ယောက်ရှိတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေသိရပါတယ်။ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရေဘေးအတွက်လာလှူထားတဲ့ ဆန်အိတ်ထဲက ပေါက်ကွဲခဲ့တာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်မှာ ဦးခေါင်းဗုံးစထိမှန်ဒဏ်ရာရခဲ့ကာ စမတ်ကတ်လုပ်ဖို့ ...