ပုဂံရှေးဟောင်းနယ်မြေတွင် ရေလမ်းကြောင်းများ ပြန်တူးဖော်မည်
ပုဂံမြို့ရှေးဟောင်းနယ်မြေအတွင်းရှိ သရပါတံခါးအနီးက ရေလမ်းကြောင်းတွေကို ပြန်လည်တူးဖော်သွားမယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ကနေ သိရပါတယ်။အဲဒီလိုဆောင်ရွက်ရတာဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ရေရှည်တည်တံ့ခိုင်မြဲစေဖို့နဲ့ ရေဝပ်မှုမရှိဘဲ ရေစီးရေလာကောင်းမွန်စေဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ကျူံးတစ်လျှောက် ရေလမ်းကြောင်းတွေကို ဖော်ထုတ်သွားမှာဖြစ်ပြီး လိုအပ်တဲ့နေရာတွေမှာ ရေပြွန်တည်ဆောက် တာတွေလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာန ...