ပြည်တွင်း၌ ပိုးသတ်ဆေးထုတ်လုပ်ရန် FDI ခေါ်ရမည်ဟုဆို
ပြည်တွင်းမှာ ပိုးသတ်ဆေးထုတ်လုပ်မှုအားနည်းနေတဲ့အတွက် ပိုးသတ်ဆေးဥပဒေနဲ့အညီ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု(FDI)တွေကို ဖိတ်ခေါ်ရမှာဖြစ်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းကပြောပါတယ်။ ဩဂုတ် ၁၅ ရက်က ပြုလုပ်တဲ့ ပိုးသတ်ဆေးနည်းပညာကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာရဲတင့်ထွန်းက အခုလိုပြောကြားခဲ့တာပါ။ ပြည်တွင်းမှာထုတ်လုပ်တဲ့ ပိုးသတ်ဆေးတွေဟာ ပြည်ပကနေကုန်ကြမ်းတင်သွင်းရတဲ့အတွက် ...