အိမ်ကွင်း၌ ချယ်လ်ဆီးအသင်း သရေကျ
အောက်တိုဘာလ(၆)ရက်နေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာကစားခဲ့ရပေမယ့်လည်းနော်တင်ဟမ်အသင်းနဲ့ (၁)ဂိုးစီသရေကျခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရဖို့ရေပန်းစားခဲ့သလို ပွဲချိန်အတွင်းအနိုင်(၃)မှတ်ရဖို့အတွက် ကြိုးစားခဲ့ပေမယ့် သရေကျခဲ့ရတာပါ။ ချယ်လ်ဆီးနဲ့ နော်တင်ဟမ်အသင်းတို့ဟာ အခုပွဲစဉ်မှာ ရလဒ်ကောင်းရဖို့အတွက် အဓိကကစားသမားတွေကိုအသုံးပြုခဲ့ကြပြီး နိုင်ပွဲရဖို့ကြိုးစားခဲ့ကြပါတယ်။ နော်တင်ဟမ်အသင်းဟာ အဝေးကွင်းဖြစ်တာကြောင့် သရေ(၁)မှတ်ရရှိအောင် ...