ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများ ပေးအပ်
ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ဟာ ဩဂုတ်လအတွက် တစ်လတာအကောင်းဆုံးဆုတွေကို စက်တင်ဘာလ (၁၃)ရက်နေ့က တရားဝင်ကြေညာသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြီးခဲ့တဲ့ဩဂုတ်လ(၁၇)ရက်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒါက အခုရာသီရဲ့ ပထမဆုံး တစ်လတာအကောင်းဆုံးဆု ပေးအပ်တာလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုကို မန်စီးတီးအသင်းရဲ့ နော်ဝေတိုက်စစ်မှူး ...