ရွှေတိဂုံစေတီတော်၌ဝါခေါင်လပြည့် ပန်းစေတီပူဇော်ပွဲကျင်းပမည်
ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ ရွှေတိဂုံစေတီရင်ပြင်တော်မှာ ပန်းပေါင်း ၈၄၀၀၀ ပါဝင်တဲ့ ပန်းစေတီလှည့်လည်ကပ်လှူပူဇော်ပွဲ ကျင်းပသွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ဝါခေါင်လပြည့်နေ့ဖြစ်တဲ့ ဩဂုတ် ၁၉ ရက်မှာ မေတ္တာအခါတော်နေ့ အခမ်းအနား၊ အသံမစဲမေတ္တာပို့ အောင်ပွဲအခမ်းအနားနဲ့ပန်းစေတီလှည့်လည်ကပ်လှူပူဇော်ပွဲတွေ ကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဝါခေါင်လပြည့်နေ့ ...