မြန်မာ-တရုတ်ချစ်ကြည်ရေး ပန်းချီပြပွဲပြုလုပ်
မြန်မာ-တရုတ်ချစ်ကြည်ရေးပန်းချီပြပွဲကို ရန်ကုန်မြို၊ ဗိုလ်တထောင်မြိုနယ်၊ ဗိုလ်မြတ်ထွန်းတာဝါမှာမေလ(၃၁)ရက်နေ့ကစပြီးဇွန်လ(၄)ရက်နေ့အထိ ငါးရက်တာပြုလုပ်နေပါတယ်။ အခုပန်းချီပြပွဲကို မြန်မာ-တရုတ်ရင်းနှီးချစ်ကြည်ရေး တိုးတက်လာဖိုနဲ့ပန်းချီပညာရပ်တွေ ပူးပေါင်းဖလှယ်နိုင်ဖိုရည်ရွယ်ချက်နဲ့ပြုလုပ်တာဖြစ်ပြီး ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်တယ်လိုသိရပါတယ်။ပြပွဲမှာ မြန်မာပန်းချီဆရာတွေရဲ့ဆီဆေး၊ ရေဆေး၊ မော်ဒန်ပန်းချီတွေအပြင် တရုတ်ပန်းချီဆရာတွေရဲ့စာပန်းချီတွေကိုလည်းချိတ်ဆွဲပြသထားပါတယ်။ပန်းချီပြပွဲမှာပြသထားတဲ့ တရုတ်စာပန်းချီတွေဟာဆိုရင် ခွန်အားဖြစ်စေတဲ့စာစုတွေကို ရေးခြယ်ထားတာဖြစ်ပြီး ပန်းချီတစ်ခုစီမှာ အဓိပ္ပယ်တစ်ခုစီရှိတယ်လို ...