မကွေးနှင့်ပခုက္ကူ၌ ကျောင်းပြင်ပ ပညာရေးကိုသင်ကြားနေ
၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ မကွေးတိုင်းဒေသကြီးအတွင်း မကွေးမြို့နယ်နဲ့ ပခုက္ကူမြို့နယ်တွေမှာ ကျောင်းပြင်ပ အလယ်တန်းပညာရေးကို အဆင့်တိုးမြှင့်သင်ကြားပေးနေတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၈ ရက်၊ မနက်ပိုင်းက မကွေးမြို့ စုပေါင်းရုံးခန်းမမှာကျင်းပတဲ့ မကွေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကသိရတာပါ။ မကွေးတိုင်းအတွင်းမှာ ...