အောင်လံတွင် နှမ်းအထွက် လျော့ကျနိုင်
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းက ကျေးရွာတွေမှာ အဓိကစိုက်ပျိုးတဲ့မိုးနှမ်းတွေ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ အခုနှစ် နှမ်းစျေးကောင်းပေမယ့် နှမ်းအဖိုများတာနဲ့ နှမ်းရိတ် နှမ်းထောင်ချိန်တွေမှာ မိုးတွေအဆက်မပြတ်ရွာနေတဲ့အတွက် နှမ်းအထွက်နှုန်းလျော့ကျနိင်တယ်လို့ ဒေသခံတောင်သူတွေကပြောပါတယ်။ အောင်လံမြို့နယ်အတွင်းမှာတော့ တောင်သူတွေက စမုံနက်နှမ်းနဲ့ နှမ်းဖြူတွေကို အဓိကစိုက်ပျိုးနေကြတာဖြစ်တယ်လို့ဆိုပါတယ်။ အခုနှစ် နှမ်းတွေစတင်ရိတ်သိမ်းချိန်မှာ ...