နောက်ကျဂိုးဖြင့် အာဂျင်တီးနား အနိုင်ရ
ဇွန်လ(၂၆)ရက် မနက်ပိုင်းက ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ ချီလီအသင်းတို့ရဲ့ပွဲစဉ်မှာ အာဂျင်တီးနား အသင်းက မာတီနက်ဇ်ရဲ့နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ချီလီအသင်းကို ပွဲချိန် တစ်လျှောက်လုံး ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးရဖို့အခက်တွေ့ခဲ့ပေမယ့် လူစားဝင်ကစားသမား မာတီနက်ဇ်က အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ...