စက်သုံးဆီများ ပိုမိုဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေ
တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို စက်သုံးဆီတွေ အရင်ကထက်ပိုမိုပို့ဆောင်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်နေတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဆီသယ်ယာဉ်မရောက်မီ ကာလအတွင်း စက်သုံးဆီအမယ်အချို့ အချိန်ပိုင်းပြတ်လပ်မှုတွေဖြစ်ပေါ်ခဲ့တာကြာင့် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ယာဉ်တန်းစီဝယ်ယူမှု များပြားနေတာကိုလျော့နည်းကျဆင်းစေဖို့အတွက် ပုံမှန်ဖြန့်ဖြူးပေးတာအပြင် လိုအပ်တဲ့ဆိုင်တွေကို အရေးပေါ်ထပ်မံတိုးမြှင့် ဖြည့်တင်းဖြန့်ဖြူးပေးနေတယ်လို့ ဆိုပါတယ်။ ...