Everytime Everywhere Everyone

အင်္ဂါ, မတ် 18, 2025

Tag: နုနုနွေ(ဓည၀တီ)

ရေရှည်ထိန်းသိမ်းသင့်သည့်မြန်မာ့သနပ်ခါး

ရေရှည်ထိန်းသိမ်းသင့်သည့်မြန်မာ့သနပ်ခါး

“မနက်ခင်းလင်းလို့……… မှန်ရှေ့မှာ…..အလှတွေပြင်ရှင်မတောင်…..သနပ်ခါး……သွေးလို့…..ပါးပေါ်တင်လုပ်ငန်းခွင်ဝင်……ရိုးရာမပျက်ပါဘူး….တို့မြန်မာ….အမျိုးသမီးလေးတွေယဉ်’’ဆိုသည့် မနောသီချင်းလေးလိုပါပဲ။ မြန်မာ့ရိုးရာသနပ်ခါးလိမ်းချယ်ခြင်းသည်မိန်းကလေးများအတွက်ဆင်ယင်ထုံးဖွဲ့မှုနှင့်အလှအပခြယ်သမှုများတွင်ပါဝင်နေသည့်ချစ်စရာဓလေ့လည်းတစ်ခုဖြစ်သည်။အမျိုးသမီးတိုင်း၊ကလေးတိုင်း၏မျက်နှာပြင်တွင်နံနက်မိုးလင်းသည်နှင့်မျက်နှာပြင်တွင်သနပ်ခါးများလိမ်းခြယ်ထားကြသည်ကိုအများအားဖြင့်တွေ့မြင့်ကြရမည်ဖြစ်သည်။ကျွန်မတို့ငယ်ငယ်တုန်းကဆိုပါကအဘွားသည်နံနက်တိုင်းကိုသနပ်ခါးလိမ်းခိုင်းလေ့ရှိသည်။မျက်နှာသစ်ပြီးတိုင်းသနပ်ခါးမလိမ်းလျှင်အိမ်ကျက်သရေမရှိဘူး၊လာဘ်လာဘတွေမဝင်ဘူးဆိုပြီးပြောခံရသည်အထိသနပ်ခါးကိုအရေးတယူထားပြီးလိမ်းခြယ်ခိုင်းကြသည်ကလည်းစွဲမက်စရာဓလေ့တစ်ခုဖြစ်သည်။ဒီလိုဓလေ့ကိုရပ်ရွာတိုင်းမြို့နယ်တိုင်းလိုလိုလူကြီးလူငယ်အရွယ်မရွေးရှေးနှစ်ပေါင်းများစွာကတည်းက ယခုအချိန်အထိလက်ဆင့်ကမ်းသယ်ယူလာခဲ့ခြင်းဖြစ်သည်။ ဒါ့အပြင် မိခင်ကသားသမီးကို ရေချိုးပြီးလျှင် ကျောက်ပျဉ်ပေါ်မှ သနပ်ခါးရည်ပျစ်ပျစ်ကို လက်လေးဖြင့်သပ်ယူ၍ ဘုရားကိုအာရုံပြုကာကလေးငယ်များ၏နဖူးပေါ်နှင့်ပါးပြင်နှစ်ဖက်လုံးပေါ်သို့လိမ်းခြယ်ပေးလေ့ရှိကြသည်။လိမ်းခြယ်ပြီးသည့်အခါကျောက်ပျဉ်ထက်ဈ၌ကျန်နေသည့်သနပ်ခါးကိုပါးစပ်ထဲသို့ခွံ့ပေးလေ့ရှိကြသည်။ထိုကဲ့သို့လုပ်ခြင်းဖြင့်ကလေးငယ်များ၏ကျန်းမာရေးကိုကောင်းမွန်စေကြောင်းယုံကြည်ကြသည်။သနပ်ခါးသည် “သနခါး” ဟူသော စကားရပ်မှဆင်းသက်လာပြီး “သန” ဆိုသည်မှာ အညစ်အကြေးဟု အဓိပ္ပာယ်ရသည်။ “ခါး” ...

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?