ရွေးကောက်ပွဲကျင်းပရေး သုံးပွင့်ဆိုင်ဆွေးနွေး
အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ဟာ ဩဂုတ်လ(၂၃)ရက် ၊ မွန်းလွဲပိုင်းက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးတာတွေပြုလုပ်ခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ပြုလုပ်ခဲ့တာပါ။ တွေ့ဆုံရာမှာတော့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေး ...