တရားမဝင် တွင်းထွက်ပစ္စည်းထုတ်လုပ်ရောင်းချမှု များနေဆဲဖြစ်
သတ္တုနဲ့တွင်းထွက်ပစ္စည်းတွေ တရားမဝင်ထုတ်လုပ်ရောင်းချနေတာတွေဟာ ပမာဏတစ်ခုအထိ များပြားနေဆဲ ဖြစ်တယ်လို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောပါတယ်။ ဒီဇင်ဘာ၂၆ ရက် ညနေပိုင်းက နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ HOTEL MAX ၊ ကုမုဒြာခန်းမမှာပြုလုပ်တဲ့ တရုတ်အာဆီယံ(မြန်မာ)ဘူမိသိပ္ပံပူးပေါင်းဆောင်ရွက်ရေးညီလာခံနှင့် မြန်မာ-တရုတ်သတ္ထုနှင့်ကျောက်မျက် ...