ဦးကိုကိုကျော်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးအဖြစ် ခန့်အပ်
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ဦးကိုကိုကျော်ကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ အောက်တိုဘာ ၂၂ ရက်ကထုတ်ပြန်ပါတယ်၊၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်၊၊ အရင်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ဦးလွင်ဦးတစ်ယောက်ကိုသာခန့်အပ်ထားတာပါ။ အခု ဦးကိုကိုကျော်ကိုပါ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်တဲ့အတွက် ...