နည်းပြယာကင်ကို ဆွစ်ဇာလန် သက်တမ်းတိုးမည်
ဆွစ်ဇာလန်အသင်းဟာ အသင်းရဲ့လက်ရှိနည်းပြ ယာကင်ကို စာချုပ်သက်တမ်းတိုးဖို့အတွက် သဘောတူညီမှု ရခဲ့ပြီလို့ ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်က ဇူလိုင်လ(၁၂)ရက်နေ့မှာ တရားဝင် ကြေညာသွားခဲ့ပါတယ်။ နည်းပြ ယာကင်လက်ထက် ဆွစ်ဇာလန်အသင်းဟာ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိခဲ့သလို ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့တာကြောင့်လည်း စာချုပ်သစ်ချုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ...