မျောက်ကျောက်ရောဂါသံသယလူနာကို စစ်ဆေးထား
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာတွေ့ရှိခဲ့တဲ့ မျောက်ကျောက်ရောဂါသံသယဖြစ်ဖွယ်လူနာကိုစစ်ဆေးထားပြီး မကြာခင်မှာထုတ်ပြန်ပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ စက်တင်ဘာလ ၅ ရက်က မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဘားအံကလာတဲ့ မှန်လုံယာဥ်တစ်စီးပေါ်က ခရီးသည်တစ်ယောက်ကို မျောက်ကျောက်ရောဂါသံသယလူနာအဖြစ်တွေ့ရှိခဲ့လို့ ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ မျောက်ကျောက်ရောဂါသံသယလူနာနဲ့ပတ်သက်လို့လည်း ...