မာရက်စကာအပေါ် ဒူးဘူရီဟော ယုံကြည်
ချယ်လ်ဆီးအသင်းကို အခုနွေရာသီအပြောင်းအရွှေ့မှာ ရောက်လာခဲ့တဲ့ နည်းပြမာရက်စကာက အသင်းကို အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ကစားသမားသစ် ဒူးဘူရီဟောက ပြောပါတယ်။ နည်းပြမာရက်စကာနဲ့ ဒူးဘူရီဟောတို့ဟာ အခုအပြောင်းအရွှေ့မှာမှ လက်စတာအသင်းကနေ ချယ်လ်ဆီးအသင်း ကိုရောက်လာခဲ့ကြတာပါ။ ပြီးခဲ့တဲ့ရာသီက အခက်အခဲတွေကြားမှာ လက်စတာအသင်းနဲ့အတူ ချန်ပီယံရှစ်ဖလား ...