နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီ ပိတ်ဆို့တားဆီးမှုမရှိ
ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုအကူအညီပေးမှုတွေကို ပိတ်ဆို့တားဆီးမှုမရှိဘဲလုံခြုံရေးဆောင်ရွက်ပေးနိုင်တဲ့ဒေသအားလုံးကို ခွင့်ပြုဆောင်ရွက်ပေးနေတယ်လို့ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန်းဆွေကပြောကြားလိုက်ပါတယ်။ အောက် တိုဘာ ၈ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်း စာနာမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးနဲ့ ကုလသမဂ္ဂအေဂျင်စီတွေက ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံရှင်းလင်းပွဲမှာ အခုလိုပြောကြားလိုက်တာပါ။ နိုင်ငံတော်အစိုးရအနေနဲ့ လူသားချင်းစာနာမှုအကူအညီအမှန်တကယ်လိုအပ်နေသူတွေဆီကို ခွဲခြားမှုမရှိ ...