စပိန်က လူမျိုးရေးခွဲခြားသည့်နိုင်ငံ မဟုတ်ဟုဆို
စပိန်လက်ရွေးစင်အသင်းရဲ့နည်းပြ ဒီလာဖူအန်တီက စပိန်နိုင်ငံဟာ အခုလက်ရှိမှာ လူတွေပြောနေကြသလိုမျိုး လူမျိုးရေးခွဲခြားတဲ့ နိုင်ငံမဟုတ်ဘူးလို့ စက်တင်ဘာလ(၄)ရက်နေ့က ပြောခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး ဗင်နီးစီးယက်စ်က စပိန်နိုင်ငံဟာ လူမျိုးရေးခွဲခြားတဲ့နိုင်ငံဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြောကြားခဲ့တာကြောင့် နည်းပြဒီလာဖူအန်တီက အခုလိုမျိုး တုံ့ပြန်ပြောကြားခဲ့လာတာပါ။ ဗင်နီးစီးယက်စ်ဟာ ...