စတုဒိသာ လာရောက်စားသုံးသူ ယခင်ထက်ပိုများလာ
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ထိုက်သူပန်အာဟာရဒါနရဲ့နေ့စဉ်စတုဒိသာကျွေးမွေးလှူဒါန်းမှုမှာ လာရောက် စားသုံးသူတွေဟာ အရင်ထက် ပိုမိုများပြားလာတယ်လို့ ထိုက်သူပန်အာဟာရဒါနမှ တာဝန်ခံ မခိုင်မွန်ကျော်က ပြောပါတယ်။ အခုလက်ရှိမှာ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ စားဝတ်နေရေး အခက်အခဲလေးတွေကြောင့် အရင်က အိမ်ထောင်စုဝင် (၆)ယောက်ရှိရင် တစ်ယောက်လောက်သာ လာရောက်စားသုံးခဲ့ပေမယ့် ...