ကိုယ်ဝန်ဆောင် အမျိုးသမီးဓားထိုးခံရ၍ သေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ သီရိဇေယျာ(၁၈)လမ်းမှာ စက်တင်ဘာလ (၇)ရက်၊ မွန်းလွဲပိုင်းကကိုယ်ဝန်ဆောင်သည်အပ်ချုပ်သူအမျိုးသမီး ဓာထိုးခံရပြီးသေဆုံးခဲ့တယ်လို့ မေတ္တာသီတာရေစင်ပရဟိတအသင်းကနေသိရပါတယ်။ ဖြစ်စဉ်မှာ အထည်အပ်သူအမျိုးသမီးက အင်္ကျီချုပ်ပေးတာကို ပုံစံမကျလို့ အပြန်အလှန်စကားများရန်ဖြစ်ခဲ့ကြတာဖြစ်ပြီး ရန်ဖြစ်နေစဉ် အထည်အပ်သူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ဆောင်သည်အပ်ချုပ်သူနဲ့ သူရဲ့ဖခင်ကို ဓားနဲ့ဝင်ရောက်ထိုးခဲ့တာဖြစ်တယ်လို့ ...