တောင်ငူမြို့ရိုး ပြန်လည်ဖော်ထုတ်ရေးမှာကြား
တောင်ငူမြို့ရိုးနဲ့ ကေတုမတီနန်းတော်ရာနေရာတွေကို ပြန်လည်ဖော်ထုတ်သွားဖို့လိုအပ်တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမှာကြားပါတယ်။ ဩဂုတ် ၂၃ ရက်၊ မနက်ပိုင်းက တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာတွေ ပြုပြင်ထိန်းသိမ်းဖို့ ဆောင်ရွက်နေမှုအခြေအနေတွေကို သွားရောက်ကြည့်ရှုစစ်ဆေးရာမှာ တာဝန်ရှိသူတွေကိုမှာကြားခဲ့တာ ဖြစ်ပါတယ်။ ကေတုမတီမြို့ရိုးဟာ ...