ယာယီနေရပ်စွန့်ခွာသူများနေရန် ရိပ်သာမြေအချို့ သုံးမည်
လတ်တလောတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေကနေ တိမ်းရှောင်လာကြတဲ့ ယာယီနေရပ်စွန့်ခွာ ပြည်သူတွေအတွက် သဘာဝတရားရိပ်သာတွေရဲ့ မြေအချို့ကို အသုံးပြုသွားမှာဖြစ်တယ်လို့ သဘာဝတရားရိပ်သာဆရာတော် အရှင်ဥတ္တမသာရကမိန့်ပါတယ်။ လက်ရှိမှာ ယာယီနေရပ်စွန့်ခွာပြည်သူတွေ ခိုလှုံနေထိုင်လို့ရအောင် ကြိုတင်ပြင်ဆင်ထားတဲ့နေရာတွေရှိနေတယ်လို့ မိန့်ကြားပါတယ်။ သဘာဝတရားရိပ်သာတွေရဲ့ မြေအချို့ကို အသုံးပြုသွားမှာဖြစ်တဲ့အတွက် အဲဒီမြေတွေပေါ်မှာ အဆောက်အဦတွေ ဆောက်လုပ်ဖို့အတွက်ကိုပါ ...