ရေဘေးသင့်ဒေသ၌ တိုက်နယ်ဆေးရုံဆောက်လုပ်မှု ခွင့်ပြုချက်ရဟုဆို
ရေဘေးသင့်ဒေသတွေမှာ တိုက်နယ်ဆေးရုံဆောက်လုပ်လှူဒါန်းဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးအချို့အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သဘောတူခွင့်ပြုချက်ရရှိပြီဖြစ်တယ်လို့ ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်အသျှင်ကုမာရရဲ့ မိန့်ကြားချက်အရသိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ခွင့်ပြုချက်ရရှိပြီးဖြစ်တာကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေကို အမြန်ဆုံးအကောင်အထည်ဖော်လုပ် ဆောင်သွားမှာဖြစ်တယ်လို့မိန့်ပါတယ်။ အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်အသျှင်ကုမာရဦးဆောင်ပြီး ...