တိုက်ကြီးရှိ ငါးမွေးတောင်သူများ အကူအညီလိုအပ်နေ
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေမြင့်တက်တာကြောင့် ငါးမွေးကန်တွေရေနစ်မြုပ်ခဲ့ပြီး ငါးမွေးတောင်သူတွေဟာ အကူအညီတွေလိုအပ်နေတယ်လို့ ငါးမွေးတောင်သူတွေကပြောပါတယ်။ အခုအခါ ရေအနည်းငယ်ပြန်ကျသွားပြီဖြစ်တဲ့အတွက် ငါးမျိုးစိတ်တွေပြန်ထည့်ရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုငါးမျိုးစိတ်တွေထည့်ဖို့အတွက် ငါးသားပေါက်တွေကို တာဝန်ရှိသူတွေက ကူညီပေးစေချင်တယ်လို့လည်း တိုက်ကြီးမြို့နယ်က ငါးမွေးတောင်သူ ဦးမျိုးအောင်ကပြောပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ...