တာချီလိတ်နှင့်ကျိုင်းတုံ၌ ရေကြီး၍ ကူညီကယ်ဆယ်ပေးနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်နဲ့ကျိုင်းတုံမြို့နယ်တွေမှာ မိုးအဆက်မပြတ်ရွာသွန်းတာတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး တာဝန်ရှိသူတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေရတယ်လို့လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့နယ်မှာတော့ စက်တင်ဘာ ၁၀ ရက်ကစပြီး မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေတယ်လို့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းကနေသိရပါတယ်၊၊ အဲဒီလို ချောင်းရေမြင့်တက်မှုကြောင့် ရေတွေအဆမတန်မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်တွေရှိ နေအိမ်တွေထဲကိုရေတွေဝင်ရောက်မှုတွေဖြစ်ပေါ်နေကာ ...