အင်းလေးရေကြီးမှုကြောင့်လူ(၆)ဦးသေဆုံးခဲ့
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေကြီးမှုကြောင့် စက်တင်ဘာလ(၁၆)ရက်အထိ သေဆုံးသူ (၆)ယောက်ရှိခဲ့ပြီး ရေထဲမျောပါသွားသူ(၂)ယောက်ရှိတယ်လို့ ညောင်ရွှေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကသိရပါတယ်။ အင်းလေးဒေသမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတွေကြောင့် စက်တင်ဘာလ(၁၁)ရက်ကစပြီး အင်းလေးကန်အတွင်းရေတွေ ဝင်ရောက်လာကာ နေအိမ်တွေနစ်မြုပ်ခဲ့တာလို့ဆိုပါတယ်။ အင်းလေးဒေသမှာ ရေကြီးမှုကြောင့်အိမ်ခြေ ...