အင်းလေးဒေသ လယ်ခြေထက်ကျေးရွာမှာ အလှူရှင်တွေ လိုအပ်နေ
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်က အင်းလေးဒေသမှာ တစ်လကျော်ကြာတဲ့အထိ နေအိမ်တွေရေနစ်မြုပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ တချို့ကျေးရွာတွေကတော့ ရေအနည်းငယ်ကျဆင်းတာမျိုးရှိနေပေမယ့်ရေနစ်မြုပ်ခံလိုက်ရတဲ့နေအိမ်တွေအများစုက ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ အင်းလေးတောင်ပိုင်းက လယ်ခြေထက်ကျေးရွာမှာဆိုရင် အိမ်ခြေ(၃၈)အိမ်ရှိပြီး အိမ်ခြေ(၃၀)ခန့်က ကြမ်းခင်းတွေ၊ အိမ်နံရံတွေ ကွာကျပျက်စီးတာတွေရှိတယ်လို့ သိရပါတယ်။ “အလှူရှင်တွေမလာဘူးဆိုရင် ...