ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)ရဲ့ စုပေါင်းသွေးလှုဒါန်းပွဲကို ဇန်နဝါရီလ၂၅ ရက်က ဗဟန်းမြို့နယ်မှာရှိတဲ့ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။အဲဒီဆေးရုံကြီးမှာ စုပေါင်းသွေးလှူဒါန်းမှုကို ပြုလုပ်လာတာဟာ အခုဆိုရင်၂၃ ကြိမ်အထိ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ စုပေါင်းသွေးလှုဒါန်းပွဲကိုပြုလုပ်ရတာက အမျိုးသားသွေးလှူဘဏ်မှာ သွေးလှုရှင်တွေ နည်းပါးလာတယ်လို့သိရတဲ့အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ကျင်းပရတာဖြစ်တယ်လို့ ...