ဇက်ဇီးကို မန်ယူအသင်း တရားဝင်မိတ်ဆက်
ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ ဘိုလော့နာအသင်းကနေ ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိထားတဲ့ နယ်သာလန်တိုက်စစ်မှူး ဇက်ဇီးကို ဇူလိုင်လ(၁၄)ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဂိုးသွင်းစွမ်းဆောင်ရည် ကျဆင်းခဲ့သလို တိုက်စစ်ပိုင်းအားနည်းခဲ့တာကြောင့် ဘိုလော့နာ တိုက်စစ်မှူး ဇက်ဇီးကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ ...