ဆီနီဂေါအသင်းနှင့် နည်းပြဆစ်စီ လမ်းခွဲ
ဆီနီဂေါအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ နည်းပြဆစ်စီက အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုတော့မှာမဟုတ်ဘဲ ဆီနီဂေါအသင်းနဲ့ လမ်းခွဲသွားခဲ့ပြီလို့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာလ(၂)ရက်နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဆစ်စီဟာ ဆီနီဂေါအသင်းကို (၂၀၁၅)ခုနှစ်ကတည်းက နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ...