မန္တလေးတွင် ဆိုင်ကယ်လုယက်မှုများကျူးလွန်သည့် အမျိုးသားခြောက်ဦးအား ဖမ်းမိ
မန္တလေးမြို့မှာ ဆိုင်ကယ်လုယက်မှုတွေ အကြိမ်ကြိမ်ကျူးလွန်ခဲ့တဲ့ အမျိုးသားခြောက်ယောက်ကို ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီလိုဖမ်းမိရာမှာ အသက်၁၆နှစ်အရွယ်လူငယ်အမျိုးသားအပါအဝင် အမျိုးသားလေးယောက်ကို ဇန်နဝါရီ၂၃ရက်၊ နေ့လယ်၁၂နာရီခွဲက ပြည်ကြီးတံခွန်မြို့နယ်က ဘီယာဆိုင်တစ်ဆိုင်မှာ ဖမ်းမိခဲ့ပြီး နောက်ထပ်၂ယောက်ကို မွန်းလွဲ၂နာရီခွဲက အအေးဆိုင်တစ်ဆိုင်မှာ ဖမ်းမိခဲ့တာဖြစ်သလို သူတို့လုယက်ယူဆောင်လာတဲ့ ...