ပြည်ပတင်ပို့မှုများလာ၍ ဆိတ်စျေးမြင့်တက်နေ
လတ်တလောမှာ ဆိတ်တွေကို ပြည်ပကိုတင်ပိုမှုတွေများလာတာကြောင့် ဆိတ်စျေးမြင့်တက်နေတယ်လို့ မွေးမြူ ရေးလုပ်ကိုင်သူတွေကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်မိုးရာသီက ဆိတ်တစ်ကောင်ကိုငါးသောင်းဝန်းကျင်စျေးရှိ ခဲ့ရာကနေ လက်ရှိမှာတော့ ဆိတ်တစ်ကောင်ကိုကျပ်နှစ်သိန်းလောက်အထိရှိနေတယ်လို့ဆိုပါတယ်။ နိုင်ငံခြားတင်ပိူမှုတွေရှိနေတဲ့အတွက် ဆိတ်စျေးကောင်းနေပြီး အုပ်လိုက်အပြတ်လာဝယ်ကြတာတွေရှိနေတယ်လို့ မကွေးမြို့နယ်အင်းကုန်းကျေးရွာက ဆိတ်မွေးမြူရေးလုပ်ကိုင်သူ ဦးလှဌေးကပြောပါတယ်။ဆိတ်ကပူတဲ့ရာသီကိုမကြောက်တာကြောင့် အခုကာလဟာ ဆိတ်မွေးမြူရေးလုပ်ကိုင်မယ်ဆို အကောင်းဆုံး ...