ကမ္ဘာ့အဆင့်-၁ နေရာသို့ ဆာဘာလန်ကာရောက်လာ
အခုတစ်ပတ်ထုတ်ပြန်တဲ့ အမျိုးသမီးတစ်ဦးချင်းတင်းနစ် ကမ္ဘာ့အဆင့်ရပ်တည်ချက်မှာ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာက ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အဆင့်-၁ နေရာကို ရောက်လာပါတယ်။ အခုနှစ်အစပိုင်းမှာ ဩစတြေးလျအိုးပင်းချန်ပီယံဆုရခဲ့သလို ပြီးခဲ့တဲ့လက ယူအက်စ်အိုးပင်းချန်ပီယံဆုပါ ရခဲ့တဲ့ ဆာဘာလန်ကာဟာ အခုနှစ်အတွင်းမှာ အောင်မြင်တဲ့တင်းနစ်ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့တာပါ။ ...