ပဲရစ်အိုလံပစ်၌ ဆာဘာလန်ကာ ပြိုင်မည်မဟုတ်
ကမ္ဘာ့အဆင့်-၃မှာ ရပ်တည်နေတဲ့ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာဟာ လာမယ့်ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် ဆာဘာလန်ကာဟာ ကျန်းမာရေးအခြေအနေနဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲအပြီးမှာ ယှဉ်ပြိုင်ရမယ့် ကွင်းမာအမျိုးအစားပြိုင်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ အခုလိုမျိုး ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ...