စက်တင်ဘာလ ဆန်ရည်ညွှန်းဈေး အနည်းငယ်မြင့်တက်
စက်တင်ဘာလအတွက် သင့်တင့်မျှတတဲ့ဆန်ရည်ညွှန်းဈေးနှုန်းတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်ထုတ်ပြန်ခဲ့ရာ ပြီးခဲ့တဲ့လထက်အနည်းငယ်မြင့်တက်လာတာလို့တွေ့ရပါတယ်။ အခုလ ဆန်ဈေးနှုန်းတွေ သတ်မှတ်ထုတ်ပြန်ရာမှာ ဆန်အမျိုးအစားပေါ် မူတည်ပြီး ဆန်တစ်အိတ်ကို အနည်းဆုံးကျပ်ခုနစ်သောင်းတစ်ထောင်ကနေ ကျပ်တစ်သိန်းခွဲအထိ သတ်မှတ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ဩဂုတ်လကတော့ အနည်းဆုံးကျပ် ခြောက်သောင်း ရှစ်ထောင်ကနေ ကျပ်တစ်သိန်း လေးသောင်းခွဲကြား ...