တိုင်းဒေသကြီး (၄)ခုမှာအရန်ဆန်တန်၁ထောင်ကျော်လှူဒါန်းသွားမည်
အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ်နဲ့ အရန်ဆန်တန်တစ်ထောင်ကျော်ကို ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီစတဲ့ တိုင်းဒေသကြီး(၄)ခုတို့မှာ လှူဒါန်းသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန စပါးသီးနှံဌာနခွဲကနေသိရပါတယ်။ အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ်ဟာ နိုင်ငံတကာမှာ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာရင် အရေးပေါ်အခြေအနေမှာ ဆန်ရိက္ခာကိုဖြန့်ဖြူးလှူဒါန်းတဲ့ အစီအစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အိမ်ရှင်နိုင်ငံအဖြစ် ...