စားအုန်းဆီများကို ဆီစာအုပ်ဖြင့်ရောင်းချမည်
အခုစက်တင်ဘာလကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းကမြို့နယ်အချို့မှာ စားအုန်းဆီတွေကို ဆီစာအုပ်နဲ့ရောင်းချဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်က One News ကိုပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့နဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ စားအုန်းဆီရောင်းချမှုကို တန်းစီဝယ်ယူဝယ်ယူမှုအစား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက အိမ်ထောင်စုတစ်စုချင်းအလိုက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်နဲ့သာရောင်းချဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ဆိုပါတယ်။ ...