စစ်မှုထမ်းအချက်အလက် စီမံမှုစနစ်ဆောင်ရွက်နေ
ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကပြောပါတယ်။ စက်တင်ဘာ ၃ ရက်ကကျင်းပတဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ ပြည်သူ့စစ်မှုထမ်းတွေဆင့်ခေါ်ရာမှာ ဥပဒေနဲ့အညီဆောင်ရွက်ဖို့နဲ့ ဥပဒေအရသတ်မှတ်ထားတဲ့ အသက်မပြည့်သူတွေမပါရှိစေရေး အထူးအလေးထားကြပ်မတ်ဆောင်ရွက်ဖို့လိုတယ်လို့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကပြောပါတယ်။ ...