ရခိုင်ရှိ ဘိုးဘွားရိပ်သာများ အလှူရှင်နည်းပါးလာ
ရခိုင်ပြည်နယ်၊ စစ်တွေနဲ့သံတွဲမြို့နယ်မှာရှိတဲ့ ဘိုးဘွားရိပ်သာတွေမှာ အလှူရှင်တွေနည်းပါးလာတဲ့အတွက် စားသောက်ရေး အခက်အခဲတွေဖြစ်နေတယ်လို့ ဘိုးဘွားရိပ်သာတာဝန်ရှိသူတွေဆီက သိရပါတယ်။ ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေပြီး ဒေသခံအများအပြား ယာယီနေရပ်စွန့်ခွာသူတွေများလာတဲ့အတွက်ကြောင့် အလှူငွေရရှိမှု နည်းပါးလာတယ်လို့ ဆိုပါတယ်။ ဘိုးဘွားရိပ်သာတွေမှာတော့ ဒေသခံတွေရဲ့ လစဉ်အလှူငွေတွေ၊ ထာဝရအလှူငွေတွေနဲ့ ...