လီကွမ်းယု၏သား ဗြိတိန်တွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရ
စင်ကာပူနိုင်ငံတည်ထောင်သူ လီကွမ်းယုရဲ့သား လီရှန်းယန်ရဲ့ ဗြိတိန်နိုင်ငံမှာ ဒုက္ခသည်ခိုလှုံခွင့်လျှောက်ထားမှုကို ဗြိတိန်အစိုးရက အင်္ဂါနေ့မှာ လက်ခံအတည်ပြုပေးလိုက်ပါတယ်။ အများပြည်သူကြား သတင်းကျော်စောနေတဲ့ မိသားစု အချင်းများမှုတွေရှိနေစဉ်အတွင်း ဖိနှိပ်ညှဉ်းပန်းခံရတယ်လို့ လီရှန်းယန်ဘက်က ပြောဆိုမှုတွေ ရှိနေချိန် မှာ ဗြိတိန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရှိတာပါ။ ...