စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ဝင်ရောက်နေ
စက်သုံးဆီတင်သွင်းလာတဲ့ သင်္ဘောတွေ စဉ်ဆက်မပြတ်ဝင်ရောက်နေတဲ့အတွက် ရက်ပိုင်းအတွင်း အဆင်ပြေစွာ ဖြန့်ဖြူးပေးနိုင်မယ်လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းက ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။ လတ်တလောမှာတော့ ကောလာဟလသတင်းတွေနဲ့ သတင်းမှားတွေဖြန့်ချိတာတွေကြောင့် ရန်ကုန်မြိုအပါအဝင် မြိုကြီးအချိုရဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ သာမန်မဟုတ်ဘဲ ဝယ်လိုအားအထူးမြင့်တက်ခဲ့တယ်လိုဆိုပါတယ်။ ...