စက်သုံးဆီကို စမတ်ကတ်ဖြင့်ဝယ်ရန် စမ်းသပ်အသုံးပြုမည်
စက်သုံးဆီဝယ်ယူခွင့်ကတ်ပြား(စမတ်ကတ်)နဲ့ စက်သုံးဆီဝယ်ယူဖို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီဆိုင်ကြီးတွေမှာ ကနဦးစမ်းသပ်အသုံးပြုဖို့စီစဉ်နေတယ်လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ စက်သုံးဆီကို စမတ်ကတ်နဲ့ရောင်းချဖို့စီစဉ်တာဟာ တရားမဝင်မှောင်ခိုဈေးကွက်ထဲကို စက်သုံးဆီတွေ အကြိမ်ကြိမ် ထုတ်ယူပြီး ဖြန့်ဖြူးရောင်းချနေတာတွေကိုတားဆီးဖို့နဲ့ ဆီပြတ်လပ်တာ၊ တန်းစီဝယ်ယူတာတွေကို ဖြေရှင်းနိုင်ဖို့ရည်ရွယ်ပြီးဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ စက်သုံးဆီဆိုင်တွေမှာ ဆီလာရောက်ဝယ်ယူသူတွေကို ...